မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ

နှစ်စဉ်မပြတ် ကျင်းပပြုလုပ်လျက်ရှိသည့် Cho Cho Group of Companies ဝန်ထမ်းမိသားစုဝင်များ၏ ထမနဲထိုးပြိုင်ပွဲကို ၂၀၂၃ ခုနှစ် မတ်လ ၁ရက်နေ့

By Aung Thawdar Activities · March 2023 · 1 min read

နှစ်စဉ်မပြတ် ကျင်းပပြုလုပ်လျက်ရှိသည့် Cho Cho Group of Companies ဝန်ထမ်းမိသားစုဝင်များ၏ ထမနဲထိုးပြိုင်ပွဲကို ၂၀၂၃ ခုနှစ် မတ်လ ၁ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါထမနဲထိုးပြိုင်ပွဲတွင် ရသာချိုစက်မှုလုပ်ငန်းလီမိတက်၊ ချိုချိုစက်မှုလုပ်ငန်းလီမိတက်၊ မြန်မာဇာလ ဖြန့်ချိရေး၊ Parama Technologies နှင့် One Link Technologies တို့မှ ဝန်ထမ်းမိသားစုဝင်များ စုပေါင်းကာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဲ့ဒီနောက် ပြိုင်ပွဲဝင်များထဲမှ ပထမ၊ ဒုတိယ၊ တတိယ နှင့် နှစ်သိမ့်ဆု ရရှိကြသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကာ ပြိုင်ပွဲအား အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

← Back to all news