🙏 Cho Cho Group of Companies မိသားစု၏ (၁၆) ကြိမ်မြောက် ကထိန်အလှူ ( ပြင်ဦးလွင်)🙏

Cho Cho Industry Ltd မန်နေဂျင်း ဒါရိုက်တာ မိသားစု နှင့်တကွ ဝန်ထမ်းများရဲ့စုပေါင်းမဟာဘုံကထိန်အလှူ ...

By Aung Thawdar Activities ¡ October 2025 ¡ 1 min read

Cho Cho Industry Ltd မန်နေဂျင်း ဒါရိုက်တာ မိသားစု နှင့်တကွ ဝန်ထမ်းများရဲ့စုပေါင်းမဟာဘုံကထိန်အလှူကို ပြင်ဦးလွင်မြို့၊ အောင်ချမ်းသာကျောင်းတိုက်၌ ယနေ့ (၁၁.၁၀.၂၀၂၅) စနေနေ့ တွင် ဝမ်းမြောက်စွာဖော်ပြပေးလိုက်ပါတယ်..

ဆရာတော် ဘန္နန္တဒေါက်တာမဟောသဓာလင်္ကာရာဘိဝံသ အမှူးပြုသော သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိသတ်အားလုံးကိုလည်း ထမင်းရေချောင်းစီးမောင်းတီးပြီး စတုဒိသာကျွေးမွေးလှူဒါန်းခဲ့ပါတယ်။

အလှူဒါနကုသိုလ်အဖို့ကို အတူတကွသာဓုခေါ်ဆိုနိုင်စေဖို့အတွက် မျှဝေပေးလိုက်ပါတယ်။

← Back to all news