လတ်တလောဖြစ်ပွါးခဲ့သည့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော ဒေသများရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများထံသို့ Shin Shin မိသားစုမှ တစ်ဖက်တစ်လမ်းအားဖြင့် စာနာကူညီခွင့်ရခဲ့ပါသည်။
ယနေ့ ( ၃၀.၃.၂၀၂၅ ) မန္တလေးမြို့ နှင့် နေပြည်တော်မြို့များရှိ ကူညီကယ်ဆယ်နေကြသော စေတနာ့ဝန်ထမ်းများ နှင့် လိုအပ်နေသည့် ငလျင်ဘေးဒဏ်သင့်ပြည်သူ စုစုပေါင်း (၁၀၀၀၀ ) အား နေ့လည်စာနှင့် ညစာများကို မျှဝေလှူဒါန်းခဲ့ပါသည်။
နောက်ရက်များအတွက်လည်း လိုအပ်လျှက်ရှိသော ဒေသများ အား လိုအပ်သည်များ ကို လှူဒါန်းရန် သိန်း ( ၃,၀၀၀ )ကျော် တန်ဖိုးထိ Shin Shin မိသားစုမှ မတည်ထားပြီး လိုအပ်လျက်ရှိသည့် နေရာများတွင် ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပါသည်။
ယခုအလှူသည် Shin Shin မိသားစုအပြင် Shin Shin ကို ၀ယ်ယူအားပေးကြသော မိဘပြည်သူများ၏ စေတနာမေတ္တာအလှူဒါန ဖြစ်ပါသည်။
အားလုံး ဘေးဒုက္ခအပေါင်းမှ အမြန်ဆုံးကင်းဝေးပါစေကြောင်းလည်း Shin Shin မိသားစုမှ ဆန္ဒပြုဆုတောင်းလိုက်ပါတယ်။
🙏🙏🙏
#CorporateSocialResponsibility
#EarthquakeDonation
#ShinShin