Area Manager (Male)

Fulltime
Yangon
Posted 4 months ago

Job Description:

  • ဝန်ထမ်းတက်ရောက်မှုစစ်ဆေးခြင်းနှင့် Sales Team များအား မန်နေဂျာနှင့်ညှိနှိုင်း၍ တာဝန်များခွဲဝေချထားပေးခြင်း။
  • နေ့စဉ်နံနက်တိုင်း Deputy Manager နှင့်ညှိနှိုင်း၍ အရောင်းမော်တော်ယာဉ်များထွက်ခွာနိုင်ရန်၊ သတ်မှတ် Sale Target များ ပြည့်မှီစွာ ရောင်းချနိုင်အောင် စီစဉ်ဆောင်ရွက်ရခြင်း။
  • Sale Team များအား နေ့စဉ်တွေ့ဆုံ၍ Sales Presentation, Sales Achievement, Problem များနှင့်ပတ်သက်၍ Coaching နှင့် Mentoring လုပ်ငန်းစဉ်များဆောင်ရွက်ရန်၊ ၄င်းအခြေအနေများအား ဆွေးနွေး၍ Branch Manager ထံသို့ အကြံပြုဆွေးနွေးတင်ပြခြင်း။
  • ဈေးကွက်အခြေအနေနှင့် ဖောက်သည်များ၏အခြေအနေများကို သုံးသပ်တင်ပြရခြင်း။
  • Branch Manager ထံ နေ့စဉ်အရောင်းအစီရင်ခံစာများနှင့် ငွေကြေးဆိုင်ရာစာရင်းများပေးပို့ရမည်။
  • လိုအပ်သော ကုန်ပစ္စည်းများအား သက်ဆိုင်ရာဌာနများသို့ အမှာစာပေးပို့ခြင်း (သို့မဟုတ်) ဖုန်းဖြင့်ပေးပို့ခြင်းဆောင်ရွက်ရမည်။
  • ဝန်ထမ်းများ စည်းမျဉ်းစည်းကမ်းလိုက်နာစေရန်ကြီးကြပ်ဆောင်ရွက်ရမည်။
  • အရောင်းဌာန၏ နှစ်စဉ်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များရေးဆွဲတင်ပြရမည်။
  • ကုမ္ပဏီမှ ချမှတ်ထားသည့် စနစ်များအား သိရှိလိုက်နာဆောင်ရွက်ရမည်။
  • သိုလှောင်ရုံနှင့်ဖြန့်ဖြူးရေးလုပ်ငန်းကိစ္စများအားလုံး လုံခြုံစိတ်ချမှုရှိစေရန် ဆောင်ရွက်ခြင်း။
  • လုပ်ငန်းနှင့်ပတ်သက်၍ အထက်မှပေးအပ်သောတာဝန်များကို ကျေပွန်စွာဆောင်ရွက်၍ အချိန်နှင့်တပြေးညီ ပြန်လည်အစီရင်ခံတင်ပြရမည်။

Job Requirement:

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။
  • စားသောက်ကုန်ဖြန့်ဖြူးရေးအပိုင်းတွင် လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၃)နှင့် အထက်ရှိသူဖြစ်ရမည်။
  • ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
  • Delivery Operation အား ကောင်းစွာစီမံအုပ်ချုပ်နိုင်ရမည်။
  • ကုမ္ပဏီနှင့်ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူဖြစ်ရမည်။
  • အသက် (၂၅) နှစ်မှ (၄၀) နှစ်အတွင်းရှိသူဖြစ်ရမည်။
  • မော်တော်ယာဉ်မောင်းနှင်နိုင်သူ (Auto & Manual) လိုင်စင်(ခ)ရှိသူဖြစ်ရမည်။

Job Features

Job CategoryLogistic, Sales

Apply Online